ဆေးသိုလှောင်ထားသည့်ကုမ္ပဏီများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင်  မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်းပါဝင်သောအဖွဲ့သည် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ဆေးသိုလှောင်ထားသည့် ကုမ္ပဏီများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုမ္ပဏီများ၏ ဆေးနှင့်ဆေးပစ္စည်းလက်ကျန်စာရင်းများနှင့် မြေပြင်သိုလှောင်ထားမှုအခြေအနေမှန်ကန်မှုရှိ/မရှိ  တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆေးဝါးများ နည်းစနစ်မှန်ကန်စွာသိုလှောင်ထားမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။ ၎င်းနောက်ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေးနှင့် လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူနိုင်သည့်အခြေအနေများ၊ ကုမ္ပဏီများအနေဖြင့်လည်း အခက်အခဲ၊ ထူးခြားမှု တစ်စုံတစ်ရာရှိပါက အချိန်မီဆက်သွယ်တင်ပြနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)