မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၂၆.၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီက မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ တက်ရောက်လာကြသော ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓာတ်တုဆိုးဆေးများ လွန်ကဲစွာပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအား ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ပြောကြားခဲ့ပြီး၊ တက်ရောက်လာကြသောသင်တန်းသူ/သားများမှ သိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/မ၊ ကျောင်းသား/သူ(၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)