တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

     အင်းစိန်မြို့နယ်၊ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၄ခုနှစ်၊ မတ်လ(၆)ရက်နေ့မှ မတ်လ (၁၂)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင်ကျပ်(၅၀၀မှ ၁၀၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၄၀၀မှ ၇၀၀) အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၆၀၀မှ ၁၃၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၀၀၀မှ ၂၄၀၀) အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၁၅၀၀မှ ၂၀၀၀) အတွင်း၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၉၀၀မှ ၅၀၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၁၀၀၀မှ ၂၀၀၀) အတွင်း၊ မုန်ညှင်း(ထုပ်)တစ်ပိဿာလျှင် ကျပ် (၁၀၀၀မှ ၁၅၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၂၇၀၀မှ ၃၇၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀မှ ၁၅၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀မှ ၁၀၅၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၃၅၀၀မှ ၅၀၀၀) အတွင်း၊ ဆလပ်ရွက် တစ်စည်းလျှင် ကျပ် (၁၀၀မှ ၁၅၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၁၂၀မှ ၁၈၀) အတွင်း၊ ခရမ်းသီး  (ရှည်) တစ်ပိဿာလျှင် ကျပ် (၇၀၀မှ ၁၂၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၁၅၀မှ ၃၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် (၁၀၀၀မှ ၂၀၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) တစ်လုံးလျှင် ကျပ် (၂၅၀၀မှ ၇၀၀၀) အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (1581650)ကျော်၊ ခရမ်းသီး(ရှည်) ပိဿာပေါင်း (25600)ကျော်၊ ဘူးသီးအလုံးပေါင်း (10865)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (4992)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (57500)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (48250)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ) ပေါင်း(10658) ကျော်၊ ဖရဲသီးလုံးပေါင်း (50150)ကျော် စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)