ရတနာသီရိဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

     မင်္ဂလာဒုံမြို့နယ်ရှိ ရတနာသီရိဈေးအတွင်းသို့ ၂၀၂၄ခုနှစ်၊ မတ်လ (၆)ရက်နေ့မှ မတ်လ (၁၂) ရက်နေ့အထိ တပ်ကုန်း၊ ရွှေတောင်၊ ဝက်ပုတ်၊ ပုတီးကုန်း၊ အောင်ပန်း၊ မင်းလှ၊ နတ်တလင်း၊ ကြို့ပင်ကောက်နှင့် ခရမ်းသုံးခွတို့မှ ဟင်းသီးဟင်းရွက်များ ဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၄၅၀မှ  ၁၀၀၀)၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ် (၁၅၀မှ  ၂၁၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၆၀၀မှ  ၁၆၀၀)၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ် (၄၀၀မှ ၈၀၀)၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ် (၁၀၀၀မှ  ၁၆၀၀)၊ ခဝဲသီးတစ်တောင့်လျှင် ကျပ် (၃၀၀မှ  ၅၀၀)၊ ဂျူးမြစ်တစ်ပိဿာလျှင် ကျပ် (၂၀၀၀မှ ၃၂၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ် (၂၀၀၀မှ  ၃၅၀၀)၊ ပဲသီးတစ်စည်းလျှင် ကျပ် (၃၀၀မှ ၄၅၀)၊ ကန်စွန်းရိုးနီတစ်စည်းလျှင် ကျပ် (၂၀၀မှ ၃၀၀)၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၁၀၀မှ ၂၅၀)၊ ဗုံလုံသီးတစ်တောင့်လျှင် ကျပ် (၃၀၀မှ ၆၀၀)၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၁၅၀မှ  ၃၅၀)၊ ကင်ပွန်းချဉ်တစ်စည်းလျှင် ကျပ် (၁၅၀မှ  ၃၀၀)၊ ငရုတ်အာဝါးသီးတစ်တောင့်လျှင် ကျပ် (၅၀မှ ၇၀)၊ ကြက်ဟင်းခါးသီးတစ်လုံးလျှင် ကျပ် (၂၅၀မှ ၄၀၀)၊ ရှမ်းနံနံတစ်စည်းလျှင် ကျပ် (၁၈၀မှ ၃၀၀)၊ ပင်စိမ်းတစ်စည်းလျှင် ကျပ် (၁၅၀မှ ၂၅၀)၊ ရွှေဖရုံသီး(ကြီး/လတ်/သေး)တစ်လုံးလျှင် ကျပ် (၄၀၀မှ ၁၆၀၀)၊ ကျောက်ဖရုံသီးတစ်လုံးလျှင် ကျပ် (၈၀၀မှ ၂၃၀၀)၊ ဘူးသီးတစ်လုံးလျှင် ကျပ်၄၀၀မှ ၁၃၀၀)၊ ကြောင်လျှာသီးတစ်တောင့်လျှင် ကျပ် (၃၅၀ မှ ၄၅၀)၊ ရုံးပတီသီးတစ်တောင့်လျှင် ကျပ် (၂၅မှ ၃၅)၊ ခရမ်းကျွတ်သီး တစ်လုံးလျှင် ကျပ် (၂၀မှ ၃၀)၊ ပဲစောင်းလျားသီးတစ်ပိဿာလျှင် ကျပ် (၁၃၀၀ မှ ၂၅၀၀)၊ ရွှေပဲသီးတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀မှ ၁၃၅၀၀)၊ ငရုတ်ပွတစ်ပိဿာလျှင် ကျပ် (၄၀၀၀မှ ၅၅၀၀)၊ မုန်လာဥနီတစ်ပိဿာလျှင် ကျပ် (၄၀၀၀မှ ၅၅၀၀)၊ ဘိုစားပဲတစ်ပိဿာလျှင် ကျပ် (၄၀၀၀မှ ၅၅၀၀)၊ ဂေါ်ရခါးညွန့်တစ်စည်းလျှင် ကျပ် (၅၀၀မှ ၆၅၀)၊ တရုတ်နံနံတစ်စည်းလျှင် ကျပ် (၅၀၀မှ ၆၅၀)၊ ဗမာနံနံတစ်ပိဿာလျှင် ကျပ် (၄၀၀၀မှ ၅၅၀၀)၊ မျှစ်တစ်ပိဿာလျှင် ကျပ် (၂၀၀၀မှ ၂၈၀၀)၊ တရုတ်ကန်စွန်းရွက်တစ်စည်းလျှင် ကျပ် (၂၀၀မှ ၃၅၀)၊ ဆူးပုတ်ရွက်တစ်စည်းလျှင် ကျပ် (၂၀၀မှ ၃၅၀)၊ မြင်းခွာရွက်တစ်စည်းလျှင် ကျပ် (၃၀၀ မှ ၄၅၀)၊ ဟင်းနုနွယ်တစ်စည်းလျှင် ကျပ် (၃၀၀မှ ၄၃၀)၊ ပြောင်းဖူးတစ်ဖူးလျှင် ကျပ် (၂၅၀ မှ ၄၅၀၊ မုန့်ညှင်းရွက်တစ်စည်းလျှင် ကျပ် (၁၅၀မှ ၂၅၀)၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ် (၁၅၀မှ ၂၅၀) အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ ရတနာသီရိဈေးအတွင်းသို့ နေ့စဉ်ကုန်အဝင်မှာ ရုံးပတီသီးကုန်ချိန်ပိဿာ (၅၀၀)ကျော်၊ ငရုတ်ပွကုန်ချိန်ပိဿာ (၃၀)ကျော်၊ ခရမ်းသီးကုန်ချိန်ပိဿာ (၄၀၀၀)ကျော်၊ ရွှေဖရုံသီးကုန်ချိန်ပိဿာ (၂၅၀၀)ကျော်၊ နံနံပင်ကုန်ချိန်ပိသာ (၆၀၀)ကျော် စသည်ဖြင့်အသီးသီးကုန်အဝင်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)