ဘားအံမြို့ရေပေါ်စံပြဈေးရှိ ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥ၊ ငုံးဥ ဈေးနှုန်း

Powered by Drupal

       ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်စံပြဈေးတွင် ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့်ငုံးဥများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။ ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့် ငုံးဥများ ရောင်းဝယ်ရာတွင် အရွယ်အစားလိုက်၍ ဈေးနှုန်းကွာဟလျက်ရှိပြီး ကြက်ဥ အလုံးကြီး တစ်လုံးလျှင် (၂၈၀၊ ၃၀၀)ကျပ်၊ ကြက်ဥ အလုံးလတ် တစ်လုံးလျှင် (၂၆၀၊၂၇၀) ကျပ်၊ ကြက်ဥအလုံးသေး တစ်လုံးလျှင် (၂၃၀၊၂၅၀) ကျပ်၊ ဘဲဥအလုံးကြီး တစ်လုံးလျှင် (၄၀၀) ကျပ်၊ ဘဲဥအလုံးလတ် တစ်လုံးလျှင် (၃၈၀) ကျပ်၊ ဘဲဥအလုံးသေး တစ်လုံးလျှင် (၃၂၀၊ ၃၅၀) ကျပ်၊ ဆေးဘဲတစ်လုံးလျှင် (၄၅၀၊၇၀၀) ကျပ်၊ ဆားဘဲဥ တစ်လုံးလျှင် (၅၀၀) ကျပ်၊ ငုံးဥ (၁၅) လုံးလျှင် (၁၀၀၀) ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ယခုနှစ်တွင် ကြက်ဥ၊ ဘဲဥဈေး ကောင်းရ၍ တွက်ချေကိုက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(ကရင်)