သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊  သီရိမင်္ဂလာဈေးတွင် ၂၀၂၄ခုနှစ်၊ မတ်လ ( ၆ ) ရက်နေ့မှ မတ်လ ( ၁၂ ) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ခရမ်း၊ ပဲခူးမှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၇၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၆၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၄၀၀၀၊ ခရမ်း၊ ပဲခူးမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၅၀၀၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၈၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၆၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၄၀၀၊ ပြင်ဦးလွင်မှ ဘောက်သီးတစ်ပိဿာလျှင် အလုံးကြီး ကျပ်၇၀၀၀၊ အလုံးလတ် ကျပ်၆၀၀၀၊ အလုံးသေး ကျပ်၅၀၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ(မြန်မာ) အလုံးကြီးတစ်ခြင်းလျှင် ကျပ်၄၅၀၀၀၊  ပြင်ဦးလွင်မှ စတော်ဘယ်ရီ(ဂျပန်) အလုံးကြီးတစ်ခြင်းလျှင် ကျပ်၆၀၀၀၀၊ ညောင်နှစ်ပင်မှ ပိန္နဲသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၅၀၀၀၊ မှော်ဘီမှ စိမ်းစားဥအလုံးကြီးတစ်တွဲလျှင် ကျပ်၁၀၀၀၊ ပြည်မှ ဆီးသီး (အချို) အလုံးကြီးတစ်ပြည်လျှင် ကျပ်၁၅၀၀ဈေးနှုန်းတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)