ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန် အခြေအနေများကို အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီနေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ မတ်လ (၅) ရက်နေ့မှ မတ်လ (၁၁) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မြစ်သား၊ တောင်တွင်းဒေသတို့မှ ကြက်သွန်နီ (၈၈၂၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၃၅၂၈၀၀) ပိဿာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ မြစ်သားကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၇၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၃၆၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၃၇၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၃၇၀၀၊  ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၁၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၂၈၀၀၊ အကြီတစ်ပိဿာလျှင် ကျပ်၂၉၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၃၀၀၀၊  တောင်တွင်းကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၂၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၃၀၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၃၀၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ ၂၃၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၂၉၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၉၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၃၀၀၀ စသည်ဖြင့် ဈေးနှုန်းသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)