“ ကော့မှူးမြို့နယ်၊ ဈေးကွက်အတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

Powered by Drupal

     ၂၀၂၄ခုနှစ်၊ မတ်လ ဒုတိယပတ်တွင် ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင် (၃၈၀၀-၄၀၀၀)ကျပ်ထိ၊ မီးဒုံးဆန်(ရိုးရိုး) တစ်ပြည်လျှင် (၄၅၀၀-၄၆၀၀)ကျပ်ထိ၊ တောင်ပျံဆန်(ရိုးရိုး)တစ်ပြည်လျှင် (၄၈၀၀-၅၀၀၀)ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်လျှင် (၅၆၀၀-၅၈၀၀)ကျပ်ဖြင့်လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်အပတ်တွင် (၅၄၁၂)ကျပ်၊ ယခုအပတ်တွင် (၅၄၁၅)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် (၁၇၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီအသစ် ဆိုဒ်ဆုံတစ်ပိဿာလျှင် (၃၀၀၀-၃၃၀၀)ကျပ်၊ ကြက်သွန်ဖြူ (အမွှာ)တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြက်ကုတ်)တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ နနွင်းမှုန့်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင် (၅၀၀) ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင် (၆၀၀)ကျပ်၊ ငရုတ်တောင့်(အရှည်) တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ငရုတ်တောင့်(အပု)တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်းတစ်ပိဿာလျှင် (၆၆၀၀) ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀)ကျပ်၊ ငါးပိတစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ ငံပြာရည်တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် (၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၃၀၀-၃၅၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    အလားတူ ဗမာကြက်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ် စသည့်ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

       ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် စားသောက်ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိသကဲ့သို့ စားအုန်းဆီဈေးနှုန်းမှာလည်း တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)