မကွေးမြို့၊ မြို့မစျေးအတွင်းရောင်းချနေသော အိမ်သုံးဆေးဝါးစျေးနှုန်းအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြို့မစျေးအတွင်းရှိ အိမ်သုံးဆေးဝါးရောင်းချသော ဆေးဆိုင်များတွင် ဆောင်းအကုန်နွေအကူး ရာသီဥတုအပြောင်းအလဲများကြောင့် ဖျားနာကိုက်ခဲ ပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးနှင့် နှာစေးပျောက်ဆေးတို့မှာ အများအပြားဝယ်ယူသုံးစွဲလျက်ရှိကြောင်း ဆေးဆိုင်များမှ သိရှိရပါသည်။

   ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် မြို့မဈေးအတွင်း အများအပြား ဝယ်ယူသုံးစွဲ လျက်ရှိသော အိမ်သုံးဆေးဝါးများမှာ ဖျားနာကိုက်ခဲပျောက်ဆေးများဖြစ်သော Paracetamol (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၃၀၀)၊ Asprin Tablet 80 mg (၂၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၄၀၀)၊ ချောင်းဆိုးပျောက်ဆေးများဖြစ် သော Dextrometorphal Tablet 15 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၈၅၀)၊ Bromhexine HCL Tablet 8 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၃၀၀)၊ Acetyluysteine (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၂၆၅၀)၊ Cough Syrup (၁)ဘူးလျှင် ကျပ် (၁၂၀၀)နှင့် နှာစေးပျောက်ဆေးများဖြစ်‌သော Cetrizine Tablet 10 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၁၅၀)၊ Levo Cetirizine Tablet 10 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၈၀၀)၊ Amoxicllin+Clavulinic Acid Tablet 375/625 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၄၄၅၀)ဖြင့် ရောင်းချပြီး မတ်လ(တတိယပတ်)တွင် Paracetamol (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၃၅၀)နှုန်းဖြင့် (၁)ကတ်လျှင် ကျပ်(၅၀)စျေးတက်လျှက်ရှိပြီး Levo Cetirizine Tablet 10 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၆၅၀)နှုန်းဖြင့် ကျပ်(၁၅၀)စျေးနှုန်းကျဆင်း၍  အခြားဆေးစျေးနှုန်းများမှာ မတ်လ (ပထမပတ်)တွင် ဖြစ်ပေါ်ခဲ့သော ဆေးစျေးနှုန်းများအတိုင်း ပြောင်းလဲမှုမရှိကြောင်း အိမ်သုံးဆေးဝါးအရောင်းဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)