ဆိပ်ဖြူမြို့ပတ္တမြားဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ ပတ္တမြားဈေး တွင် ရွာသစ်၊ ကိုးတောင့်၊ ရေလယ် ကျွန်း၊ ချင်တောင်၊ အောက်ဆိပ်၊ သံဇလုံ၊ ဂွေးပင်၊ ချောင်း မကျည်း၊ တူရွင်းမျောကျေးရွာအတွင်းမှ စိုက်ပျိုးထွက်ရှိသော ကုန်စိမ်းသီးနှံများနှင့် ဆင်ဖြူကျွန်း၊ စလင်း၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက်သီးနှံများ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက် ရှိသည်။

       ဆိပ်ဖြူမြို့ ပတ္တမြားဈေး၌ ၂၀၂၄ခုနှစ်၊ မတ်လ(တတိယပတ်)အတွင်း ခရမ်းချဉ်သီး(ထိုင်ဝမ်) တစ်ပိဿာလျှင် ကျပ်(၄၀၀ - ၅၀၀)၊ ခရမ်းချဉ်သီး(ဗမာ) တစ်ပိဿာလျှင် ကျပ်(၇၀၀ - ၈၀၀)၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ်(၅၀၀ - ၈၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ် (၁၅၀၀ - ၂၅၀၀)၊ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၂၅၀၀ - ၃၀၀၀)၊ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ကျပ်(၁၅၀၀ - ၂၀၀၀)၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၉၀၀၀ - ၁၂၀၀၀)၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ်(၇၅၀၀ - ၇၈၀၀)၊ ပန်းဂေါ်ဖီမှာ အပွင့်အရွယ်အစားလိုက်၍ တစ်ပွင့်လျှင် ကျပ်(၅၀၀ - ၈၀၀ - ၁၀၀၀)၊ ဂေါ်ဖီတစ်ထုပ် လျှင် ကျပ်(၅၀၀ - ၇၀၀ - ၈၀၀)၊  ချဉ်ပေါင် တစ်စည်းလျှင် ကျပ်(၁၅၀ - ၂၀၀)၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ မုန်လာဥဖြူ တစ်ဥလျှင် ကျပ်(၁၀၀)၊ သကြားပြောင်းဖူးချို တစ်ဖူး လျှင် ကျပ်(၃၀၀ - ၃၅၀)၊ ကန်စွန်းဥ တစ်ပိဿာလျှင် ကျပ်(၇၀၀ - ၁၀၀၀ - ၁၃၀၀)၊ မြေပဲလုံးဆံ တစ်ပြည်လျှင် ကျပ်(၇၅၀၀)၊ ကြက်ဥ တစ်လုံးလျှင် ကျပ်(၂၃၀ - ၂၇၀)၊ ကြက်သား(CP) တစ်ပိဿာ လျှင် ကျပ် (၁၀၀၀၀ - ၁၂၀၀၀)၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ပဲစက်ဆီ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀-၁၄၅၀၀)၊ နှမ်းစက်ဆီ တစ်ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ ရွှေဘိုပေါ်ဆန်းအဟောင်း(၂၄)ပြည် တစ်အိတ်လျှင် ကျပ် (၁၈၀၀၀၀)၊ ရွှေဘို ပေါ်ဆန်းအသစ် တစ်အိတ်လျှင် ကျပ်(၁၆၈၀၀၀)၊ ဧရာပဒေသာ ဆင်ဖြူကျွန်း (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၇၀၀၀၀)၊ (ဆင်ဖြူကျွန်း) မနောသုခအဟောင်း (၂၄) ပြည်တစ်အိတ်လျှင်ကျပ် (၁၃၃၀၀၀)၊ (ဆင်ဖြူကျွန်း) မနောသုခအသစ် (၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ မနောသုခဆန် (အောက်) (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ဒို့ရွှေအိုး ဆင်ဖြူကျွန်း(အဟောင်း) (၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ ဒို့ရွှေအိုး ဆင်ဖြူကျွန်း (အသစ်)(၂၄)ပြည် တစ်အိတ်လျှင် ကျပ် (၁၅၅၀၀၀)၊ မြောင်းမြရာပြည့်ဖန်သီး ဆန်အဟောင်း (၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ကောက်ညှင်းဆန်အသစ်တစ်ပြည်လျှင် ကျပ်(၆၀၀၀)၊ ငချိတ်ဆန်တစ်ပြည်လျှင် ကျပ်(၇၅၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါ သည်။

      ကုန်စိမ်းသီးနှံများမှာ ဒေသတွင်း သီးနှံများ ရာသီကုန်ချိန်နီးလာ၍ တစ်ဖြည်းဖြည်း အထွက်နှုန်း လျော့နည်းသွားခြင်းကြောင့် ယခင် ဖေဖော်ဝါရီ(တတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ် ရမည်ဆိုလျှင် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကုန်စိမ်းသီးနှံ စိုက်ပျိုးတောင်သူများမှ သီးနှံအထွက်နှုန်း လျော့နည်းသွား၍ ကုန်စိမ်းသီးနှံဈေးကွက်သို့ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ မုန်လာပွင့်၊ ငရုတ်သီးစိမ်း၊ ချဉ်ပေါင်ရွက်များ ဈေးအနည်းငယ်တက်၍ အရောင်းအဝယ်ဖြစ်ပြီး အာလူး၊ ကြက်သွန်၊ ကန်စွန်းဥ သီးနှံများမှာ ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရွှေဘိုပေါ်ဆန်းဆန်နှင့် ဧရာပဒေသာ /ဒို့ရွှေအိုး(ဆင်ဖြူကျွန်း)ဆန်များ ဈေးအနည်းငယ်မြင့်တက် အရောင်းအဝယ်ဖြစ်ပြီး စားသုံးဆီနှင့် အသားငါးဈေးနှုန်းများမှာ  ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ အခြေခံစားသောက်ကုန်မျိုးစုံရောင်းဝယ်ရေး  လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)