ကန့်ဘလူမြို့၏ မတ်လ တတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသောငါးဈေးနှုန်းများ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ငါးမျိုးစုံရောင်းချလျက် ရှိပြီး မတ်လတတိယပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင် လိုက်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်းတစ် ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သားတစ်ပိ ဿာလျှင်  (၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပုစွန်ထုပ်တစ်ပိ ဿာလျှင် (၄၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

         ငါးဈေးနှုန်းများအား မတ်လ ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက ငါးဖယ်တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ငါးအုံတုံတစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်ပြီး ကျန်ငါးဈေးနှုန်းများမှာ ပုံမှန်အ တိုင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)