မော်လမြိုင်မြို့၏ မတ်လ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

        မော်လမြိုင်မြို့ စက်သုံးဆီဆိုင်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခုမတ်လ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၄၈၅) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၂၅၃၀) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၇၈၀) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၉၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခင် ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၆၁၀) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၂၆၆၀) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၈၁၅) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၉၄၀) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင် ဖေဖော်ဝါရီလ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ကြည့်လျှင် ယခုမတ်လ (တတိယပတ်) တွင် ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၁၂၅) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၁၃၀) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၅) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၄၀) ကျပ် ဈေးနှုန်းအသီးသီး အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(မွန်)