ပခုက္ကူမြို့တွင်ဖြစ်ပေါ်နေသော မန်ကျည်းသီးမှည့်ဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် မန်ကျည်းသီးမှည့်ဈေးနှုန်းများမှာ မန်ကျည်းသီးအစေ့ပါ (အသစ်)တစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ မန်ကျည်းသီးအစေ့မပါ(အဟောင်း)တစ်ပိဿာလျှင် ကျပ် (၂၅၀၀-၃၀၀၀)၊ မန်ကျည်းသီးအစေ့မပါ(အသစ်)တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၅၀၀၀) ရှိကြောင်းသိရှိရပြီး မန်ကျည်းသီးများမှာ ယခုမှစတင်၍ ရာသီပေါ်ချိန်ဖြစ်သောကြောင့် ကုန်စည်ဝင်ရောက်မှုနည်းကြောင်း၊ အစေ့ပါနှင့် အစေ့လွတ်မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင် လှောင်လက်သမားများက ဝယ်ယူကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များက မန်ကျည်းသီးအချဉ်ရည်များပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည်လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီလုပ်ငန်းရှင်များကလည်း အများအပြားဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)