ပခုက္ကူမြို့၌ မတ်လ(ဒုတိယပတ်)တွင် ကြက်ဥဈေးနှုန်းအနည်းငယ်ကျဆင်း

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြိုင်လမ်းရှိ ကြက်ဥ၊ ဘဲဥ၊ ငုံးဥအရောင်းဆိုင်တွင် ၂၀၂၄ခုနှစ်၊ မတ်လ (ဒုတိယပတ်) တွင် ကြက်ဥအရွယ်အစားအလိုက် ကြက်ဥ(လက်လီ)ဈေးနှုန်းများမှာ ကြက်ဥ(အသေး)တစ်လုံးလျှင်  ကျပ်(၂၃၀)၊ ကြက်ဥ(အလတ်)တစ်လုံးလျှင် ကျပ်(၂၅၀)၊ ကြက်ဥ(အကြီး) တစ်လုံးလျှင် ကျပ်(၂၇၀)၊ ဘဲဥတစ်လုံးလျှင် ကျပ်(၄၀၀)၊ ဆေးဘဲဥတစ်လုံးလျှင် ကျပ်(၄၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်မတ်လ(ပထမပတ်)ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်ကျဆင်းလာ၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

      ကြက်ဥ(လက်ကား)ဈေးနှုန်းအနေဖြင့် ယခင်မတ်လ(ပထမပတ်)တွင် တစ်ပိဿာလျှင် ကျပ် (၆၀၀၀-၆၃၀၀)ဖြစ်၍ ယခုမတ်လ(ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၅၈၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်အပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်လျှင် ကျပ်(၅၀၀)ခန့်ကျဆင်းသွားကြောင်း  ကြက်ဥအရောင်းဆိုင်မှသိရှိရပါသည်။

DOCA(မကွေး)