ပခုက္ကူမြို့ပေါ်ရှိ ခေါက်ဆွဲခြောက်ဈေးနှုန်းဈေးကွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်များရောင်းချလျက်ရှိသော အရောင်းဆိုင်များတွင် နေ့စဉ်နှင့်အမျှ ကုန်စိမ်းဟင်းသီးဟင်းရွက်များအပြင် အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သော ခေါက်ဆွဲခြောက်ထုပ်များလည်း  အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ရွှေဒင်္ဂါး (အဝါရောင်)ခေါက်ဆွဲခြောက်နှင့် စွမ်းထက်(အဖြူရောင်) ခေါက်ဆွဲခြောက်များလည်းဝင်ရောက်လျက်ရှိကြောင်း ပခုက္ကူမြို့မဈေးအတွင်းရှိ ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။

     ခေါက်ဆွဲခြောက်ဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင်  ရွှေဒင်္ဂါး (အဝါရောင်) (၂၅)စည်းပါ တစ်ထုပ်လျှင် ကျပ်(၁၄၅၀၀)၊ တစ်စည်းလျှင် ကျပ်(၆၀၀)၊ စွမ်းထက်(အဖြူရောင်) ခေါက်ဆွဲခြောက် (၅၀)ကျပ်သားတစ်စည်းလျှင် ကျပ်(၃၀၀၀)၊ (၂၅)ကျပ်သားတစ်စည်းလျှင် ကျပ်(၁၅၀၀)၊ (၂၀) ကျပ်သားတစ်စည်းလျှင် ကျပ်(၁၃၀၀)၊ ခေါက်ဆွဲစက်ကျ အကျိုးတစ်ပိဿာထုပ်တစ်စည်းလျှင် ကျပ်(၄၀၀၀)၊ (၁၀)ကျပ်သားတစ်စည်းလျှင် ကျပ်(၄၀၀)စသည့်ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် ရွှေဒင်္ဂါး(အဝါရောင်)(၂၅)စည်းပါ တစ်ထုပ်လျှင် ကျပ်(၁၄၀၀၀)၊ တစ်စည်းလျှင် ကျပ် (၅၅၀)၊ စွမ်းထက်(အဖြူရောင်)ခေါက်ဆွဲခြောက် (၅၀)ကျပ်သားတစ်စည်းလျှင် ကျပ်(၂၇၀၀)၊ (၂၅) ကျပ်သားတစ်စည်းလျှင် ကျပ်(၁၃၀၀)၊ (၂၀)ကျပ်သားတစ်စည်းလျှင် ကျပ်(၁၂၀၀)၊ ခေါက်ဆွဲစက်ကျ အကျိုးတစ်ပိဿာထုပ်တစ်စည်းလျှင် ကျပ်(၃၅၀၀)၊ (၁၀)ကျပ်သားတစ်စည်းလျှင် ကျပ်(၃၅၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုမတ်လ(ဒုတိယပတ်)တွင် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။

    ခေါက်ဆွဲခြောက်များမှာ မုံရွာမြို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ စားသုံးသူများအနေဖြင့် ဈေးနှုန်းချိုသာ၍  အလွယ်တကူစားသုံးနိုင်သည့်အတွက် ဝယ်ယူစားသုံးမှုများကြောင်း၊ စားသောက်ကုန်စီးပွားရေးလုပ်ငန်းရှင်များ၊ အသုပ်ဆိုင်များ၊ ကျောင်းဈေးတန်းရောင်းချသူဈေးသည်များအပြင် ပခုက္ကူကျွန်းကျေးရွာများမှ ဒေသခံများ၊ အခြေခံလူတန်းစားများအနေဖြင့်လည်း ဈေးနှုန်းသင့်တင့်မျှတမှုရှိခြင်းကြောင့် တစ်ရက်လျှင် ပိဿာ(၅၀-၇၀)၊ တစ်လလျှင် ပျမ်းမျှပိဿာ (၁၀၀၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပခုက္ကူမြို့မဈေးအတွင်းရှိ ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)