ပခုက္ကူမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရာသီအကူးအပြောင်းကာလဖြစ်၍ အိမ်သုံးဆေးဝါးများအနက် နှာစေးပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးနှင့် အကိုက်ခဲပျောက်ဆေးများမှာ ပိုမိုရောင်းချရကြောင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချသူများထံမှသိရှိရပါသည်။

     ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်ပေါ်နေသော အိမ်သုံးဆေးဝါးများမှာ Paracetamol Tablet 500 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၄၀၀)၊ Decolgen (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၅၀၀)၊ Biogesic (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၁၀၀)၊ Bermeton (၁၀၀)လုံးပါ (၁)ဘူးလျှင် ကျပ်(၂၃၀၀)၊ ချောင်းဆိုးပျောက်ဆေးများဖြစ်သော Solmux (၄)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၄၀၀) ၊ Woods'(၁)ဘူးလျှင် ကျပ်(၈၅၀၀)၊ Flemex (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၆၀၀)၊ နှာစေးပျောက်ဆေးများဖြစ်သော  Cetirizine (၁၀)လုံးပါ (၁)ကတ်လျှင်  ကျပ်(၃၀၀)၊ Mixagrip (၆)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၂၀၀)တို့ဖြင့်ရောင်းချလျက်ရှိပြီး အခြားအိမ်သုံးဆေးဝါးများမှာ Civit (၁၀၀)လုံးပါ (၁)ဘူးလျှင် ကျပ်(၃၂၀၀)၊ Amoxicillin (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၈၀၀)၊ Enervon-C (၄)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၆၀၀)၊ Oramin-G (၅)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၅၀၀)၊ Vitahome (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၂၀၀၀)၊ Becozinc (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၄၄၀၀)၊ Vitamin-C 100mg (၁)လုံးလျှင် ကျပ်(၃၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ရာသီအကူးအပြောင်းကာလဖြစ်၍ နှာစေးပျောက်ဆေးနှင့် ချောင်းဆိုးပျောက်ဆေးတို့မှာ  ပိုမိုအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆေးဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)