![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/110_20.jpg?itok=IdenpwaG)
ပြည်ဈေးကွက်တွင် ရောင်းချနေသော ပုစွန်ခြောက်များအနက် ရခိုင်ဘက်မှလာသော ပုစွန်ခြောက်များရှိသည့်အပြင် ပုသိမ်ဘက်မှလာသော ပုစွန်ခြောက်များလည်းရှိကြောင်းသိရှိရပါသည်။ ပုစွန်ခြောက်သည် ရာသီမရွေးပုံမှန်အရောင်းအဝယ်ဖြစ်သော ကုန်ပစ္စည်းဖြစ်ပါသည်။ ပုစွန်ခြောက်ဝင်ရောက်သည့်ဒေသနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားပါသည်။ ၂၀၂၄ခုနှစ်၊ မတ်လ ဒုတိယပတ်တွင် ပုစွန်ခြောက်အကောင်ကြီး ရှယ်တစ်ပိဿာလျှင် ၁၀၀၀၀၀ကျပ်၊ အလတ်စားတစ်ပိဿာလျှင် ၈၀၀၀၀ကျပ်၊ အသေးတစ်ပိဿာလျှင် (၇၀၀၀၀-၆၀၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ ပုစွန်ခြောက်အသေးအမှုန့်ဈေးနှုန်းမှာမူ တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)