ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စပါးဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဆင်းသုခ၊ မနောသုခ(၄၆)ပေါင် စပါးတင်း(၁၀၀)လျှင် (၁၈၄၀၀၀၀) ကျပ်ရှိခဲ့ပြီး မတ်လ ဒုတိယပတ်တွင်လည်း (၁၈၄၀၀၀၀) ကျပ်ရှိနေသဖြင့် ဈေးငြိမ်နေကြောင်းသိရှိရပါသည်။
ဆန်ဈေးကွက်အနေဖြင့် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဆင်းသုခ၊ မနောသုခဆန်တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ မတ်လ ဒုတိယပတ်တွင် ဆန်တစ်အိတ်လျှင် (၈၃၀၀၀) ကျပ်ရှိခဲ့သဖြင့် (၂၀၀၀/)ကျပ်ခန့်ကျဆင်းသွားကြောင်း၊ မင်းလှမြို့မှ ရန်ကုန်သို့ တစ်ရက်ကြာလျှင် ဆန်ကား (၄)စီးခန့် မင်းလှမြို့မှ ပြည်ဘက်သို့ ဆန်ကား(၃)စီးခန့်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။
DOCA(ပဲခူး)