ညောင်တုန်းမြို့နယ် မှထွက်ရှိသော မိုးထောင်နှင့် အောက်ဆွဲ ငရုတ်ရောင်းဝယ်မှု ဈေးကွက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စပါး၊ ပဲ၊ ပြောင်း၊ နေကြာနှင့် အခြားသော သီးနှံစုံစိုက်ပျိုးကြပြီး စိုက်ပျိုးရေးကောင်းမွန်သော နယ်မြေဒေသဖြစ်၍ ငရုတ်သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိသည်ကို တွေ့ကြရသည်။ ညောင်တုန်းမြို့နယ်တွင် အစိုက်များသော ငရုတ်အမျိုးအစားများမှာ မိုးထောင်ငရုတ် အမှည့်၊ အစိမ်း၊ အောက်ဆွဲငရုတ်အမှည့်၊ အစိမ်း၊ မိုးထောင်(ညောင်တုန်း) အစပ်ပျင်း အမျိုအစားကိုစိုက်ပျိုးကြောင်း လေ့လာတွေ့ရှိရသည်။

    တောင်သူများငရုတ် စိုက်ပျိုးထွက်ရှိမှုအနေဖြင့် မိုးထောင်(အမှည့်/အစို) တစ်ဧက ပျမ်းမျှ (၄၀၀၀) ပိဿာခန့်၊ အောက်ဆွဲ (အမှည့်/အစို) တစ်ဧကပျမ်းမျှ (၅၀၀၀)ပိဿာခန့်ထွက်ရှိကြောင်းသိရပြီး၊ နှစ်စဉ် အောက်တိုဘာလမှာ စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလကုန်ပိုင်းတွင် ရက်(၉၀)ကြာတွင် စတင်ခူးဆွတ်ကြကြောင်း၊ ယခု ၂၀၂၄ခုနှစ် မတ်လ လဆန်းပိုင်းက ကာလပေါက်ဈေးအနေဖြင့် မိုးထောင် တစ်ပိဿာ (၂၅၀၀-၃၀၀၀)ကျပ်နှင့် အောက်ဆွဲ ၁ပိဿာ (၁၈၀၀-၂၀၀၀)ကျပ် ရောင်းဝယ်လျက်ရှိသည်။ ထွက်ရှိသော ငရုတ်များကို ပြည်တွင်းဈေးကွက်အနေဖြင့် သီရိမင်္ဂလာဈေးနှင့် တညင်းကုန်းဈေးများသို့ တင်ပို့ရောင်းချကြသည်။ မြို့နယ်အတွင်း အအေးခန်းကားများဖြင့် ဝယ်ယူနေသော အဝယ်ဒိုင်များသို့ ရောင်းချကြောင်းနေကြောင်းကို ငရုတ်စိုက်ပျိုးတောင်သူပြောကြားချက်အရ သိရပါသည်။

DOCA(ဧရာဝတီ)