ပခုက္ကူကုန်စည်ဒိုင် မတ်လ(တတိယပတ်)တွင် ထောပတ်ပဲအဝင်များပြီး ဈေးနှုန်းကျဆင်းလျက်ရှိ

Powered by Drupal

       ထောပတ်ပဲဖြူ စိုက်ပျိုးရာဒေသများဖြစ်ကြသော ပခုက္ကူကျွန်းနယ်များဖြစ်သော လေးလံကျွန်း၊ မြင်းကျွန်း၊ ပခုက္ကူကျွန်းနှင့် ဂန့်ဂေါခရိုင်မှ ထီးလင်း၊ ဆော၊ ကျောက်ထု၊ မောက်နယ်များတွင် အများဆုံး စိုက်ပျိုးကြသည်။ ဖေဖေါ်ဝါရီနောက်ဆုံးပတ်မှစတင်၍ ထောပတ်ပဲများစတင်ရိတ်သိမ်းခြွေနေကြပါ သည်။ ပခုက္ကူကုန်စည်ဒိုင်သို့  နယ်ပေါင်းစုံမှ ဝင်ရောက်အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

       ၂၀၂၄ခုနှစ်၊ မတ်လ(ပထမပတ်)တွင်  ထောပတ်ပဲဈေးကောင်းရလျက်ရှိပြီး မတ်လ(ဒုတိယပတ်) မှစ၍ ထောပတ်ပဲဈေးမှာ တဖြည်းဖြည်းကျဆင်းနေပါသည်။  မတ်လ(ပထမပတ်)တွင် ထောပတ်ပဲဖြူ ဒိုင်ပြတ်ဈေးမှာ (၁)တင်းလျှင် ကျပ်(၁၁၇၀၀၀)၊ မတ်လ(ဒုတိယပတ်)တွင် ထောပတ်ပဲဖြူ(ကျွန်း)(၁) တင်းလျှင် ကျပ်(၁၁၄၀၀၀)၊ မတ်လ(တတိယပတ်)တွင် ထောပတ်ပဲဖြူ(ကျွန်း) (၁)တင်းလျှင် ကျပ် (၈၉၈၀၀-၈၇၀၀၀)ထိ ဈေးနှုန်းများ ကျဆင်းနေပြီး (ပထမပတ်)နှင့်နှိုင်းယှဉ်ပါက (၁)တင်းလျှင် ကျပ် (၄၀၀၀၀)ကျော် ကျဆင်းသွားကြောင်း၊ ‌ မတ်လ(ပထမပတ်)တွင် ထောပတ်ပဲဖြူ(ယော) ဒိုင်ပြတ်ဈေးမှာ (၁)တင်းလျှင် ကျပ်(၁၁၉၀၀၀)၊ မတ်လ(ဒုတိယပတ်)တွင် ထောပတ်ပဲဖြူ(ယော) (၁)တင်းလျှင် ကျပ် (၁၁၈၅၀၀)၊ မတ်လ(တတိယပတ်)တွင် ထောပတ်ပဲဖြူ(ယော)(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀-၉၄၀၀၀) အထိ ဈေးနှုန်းကျဆင်းနေပြီး (ပထမပတ်)နှင့်နှိုင်းယှဉ်လျှင် (၁)တင်းလျှင် ကျပ်(၂၅၀၀၀)ခန့်ကျဆင်း သွားကြောင်း၊ ထိုသို့ကျဆင်းရခြင်းမှာ ထောပတ်ပဲဖြူ အဝင်များပြီး ဝယ်လက်မှာ နည်းနေသောကြောင့် ကုန်စည်ဒိုင်မှ သိရှိရပါသည်။ အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ နေ့စဉ်အိတ်ရေ(၁၀၀-၅၀၀)အထိ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)