တောင်ငူမြို့တွင် ဘူးသီးများယခင်နှစ်ကထက် ဈေးလျော့နည်း

Powered by Drupal

     တောင်ငူမြို့၊ ညောင်ပင်လေးဈေးသို့ တောင်ငူမြို့ အနီးတဝိုက်ရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးသူများ ကိုယ်တိုင်သော်လည်းကောင်း၊ ဖောက်သည်များမှ တစ်ဆင့်သော်လည်းကောင်း လာရောက်ရောင်းချလျက်ရှိရာ ယခုနှစ်တွင် ဘူးသီးအထွက် ကောင်းသဖြင့် ယခင်နှစ်အလားတူကာလကထက် ဘူးသီးများ ဈေးလျော့နည်းကြောင်း သိရပါ သည်။

          ယခင်နှစ် အလားတူကာလက ဘူးသီးအသေး တစ်လုံးလျှင် ၈၀၀ ကျပ်၊ အလတ် တစ်လုံး လျှင် ၁၃၀၀ ကျပ်နှင့် အကြီးတစ်လုံးလျှင် ၂၀၀၀ ကျပ်အထိရှိခဲ့သော်လည်း ယခုကာလတွင် ဘူးသီး အသေး တစ်လုံးလျှင် ၃၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၆၀၀ ကျပ်အထိနှင့် အကြီး တစ်လုံးလျှင် ၉၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိဖြင့် ယခင်နှစ်ကထက် ဈေးလျော့နည်းပါသည်။

        ယခုနှစ်တွင် ဘူးသီးအထွက်ကောင်း၍ ဈေးပေါသကဲ့သို့ အရောင်းအဝယ်မှာလည်းကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)