တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာတွင် စိုက်ပျိုးထားသော နွေစပါးများမှာ တစ်လသား အရွယ်ခန့်ရှိပြီး စိမ်းလန်းစိုပြည်လျက်ရှိပါသည်။ စိုက်ခင်းဖြင့် စနစ်တကျစိုက်ပျိုးထားသဖြင့် အထွက်လည်း ကောင်းမည်ဖြစ်ကြောင်း သိရှိရပါသည်။
တောင်သူဦးကြီးများအနေဖြင့် စပါးစိုက်ပျိုး ၁၀ ရက်သားခန့်တွင် တစ်ကြိမ်၊ တစ်လသား ခန့်တွင်တစ်ကြိမ် စိုက်ခင်းတစ်ဧကလျှင် ၁၅ ပတ်လည်နှင့် ပုလဲ ဓါတ်မြေဩဇာ တစ်အိတ်စီရော၍ နှစ်ကြိမ် ကြဲပက်ပေးရပါသည်။
စပါးများ အနှံစထွက်ချိန် တစ်ဧကလျင် ရွှေပုပ္ပားဓါတ်မြေဩဇာ တစ်အိတ် ကျွေးပေးရပါသည်။ ကောက်စိုက်ခမှာ တစ်ဧကလျှင် ၁၅၀၀၀၀ ကျပ်ရှိခဲ့ပြီး ရိတ်သိမ်းချိန်တွင် ရိတ်သိမ်းချွေလှေ့ ခမှာ တစ်ဧကလျှင် ၁၂၀၀၀၀ ကျပ်ရှိနိုင်ကြောင်း သိရှိရပါသည်။
နွေစပါးများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသဖြင့် ပန်းတိုင်အထွက်နှုန်းဖြစ်သော တစ်ဧက တင်း ၁၀၀ ထက် ပို၍ထွက်ရှိနိုင်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)