တောင်ငူမြို့တွင် ကြက်သွန်ဖြူဈေးကျပြီး ကြက်သွန်နီနှင့်အာလူးဈေးတက်

Powered by Drupal

       တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ယခင်လက တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ရှိရာမှ ယခုမတ်လ တတိယအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

        ကြက်သွန်နီမှာ ယခင်လက တစ်ပိဿာလျှင် အသေး ၁၈၀၀ ကျပ်၊ အလတ် ၂၀၀၀ ကျပ်၊ အကြီး ၂၃၀၀ ကျပ်၊ တရုတ်ကြက်သွန်နီ ၂၅၀၀ ကျပ်ရှိရာမှ ယခုမတ်လ တတိယအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၂၀၀ ကျပ်၊ အလတ် ၂၄၀၀ ကျပ်၊ အကြီး ၂၆၀၀ ကျပ်၊ တရုတ်ကြက်သွန်နီ ၂၆၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။

         ကြက်သွန်ဖြူမှာ ယခင်လက တစ်ပိဿာလျှင် အသေး ၁၇၀၀၀ ကျပ်၊ အလတ် ၁၈၀၀၀ ကျပ်၊ အကြီး ၂၀၀၀၀ ကျပ်ရှိရာမှ ယခုမတ်လ တတိယအပတ်တွင် ကြက်သွန်ဖြူအသစ်များ ပေါ်လာပြီဖြစ်သဖြင့် တစ်ပိဿာလျှင် အသေး ၁၀၀၀၀ ကျပ်၊ အလတ် ၁၁၀၀၀ ကျပ်၊ အကြီး ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်း ကျဆင်းပါသည်။

       အာလူးမှာ ယခင်လက တစ်ပိဿာလျှင် အသေး ၂၃၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်၊ အကြီး ၃၀၀၀ ကျပ်ရှိရာမှ ယခုမတ်လ တတိယအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၅၀၀ ကျပ်၊ အလတ် ၃၀၀၀ ကျပ်၊ အကြီး ၃၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပြီး တရုတ်အာလူးမှာ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ငရုတ်သီးခြောက် အပု/အရှည်မှာ ယခင်လက တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်ရှိရာမှ ယခုမတ်လ တတိယအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိ ဖြင့် ဈေးနှုန်း အနည်းငယ်တက်ပြီး ငရုတ်သီးခြောက်အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

     မြေပဲဆံ(အဖြူ/အနီ)မှာ ၈၀၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၂၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)