တောင်ငူမြို့ ရာသီပေါ်ပိန္နဲသီး

Powered by Drupal

      တောင်ငူမြို့ ညောင်ပင်ဈေးတွင် ပိန္နဲသီးများ လာရောက်ရောင်းချလျက်ရှိပါသည်။ ပိန္နဲသီး အမှည့်ကို အချိုပွဲသစ်သီးအနေဖြင့် စားသုံးကြပါသည်။ ယိုထိုးခြင်း၊ အခြောက်လှန်း၍ ကြော်စားခြင်းဖြင့်လည်း စားသုံးကြပါသည်။ အသီးနုနုကို အကွင်းလိုက် လှီးပြီး ပြုတ်ကာ ငါးပိရည်နှင့်တို့စား၍ ဖြစ်စေ၊ ချဉ်ရည်ဟင်းချက်၍ဖြစ်စေ၊ အသားတစ်မျိုးမျိုးနှင့် ဆီပြန်ချက်စား၍ဖြစ်စေ စားသုံးကြပါသည်။ ပိန္နဲသီးအစေ့ကို ပြုတ်စား၍ဖြစ်စေ၊ ဟင်းချက်စား၍ဖြစ်စေ စားသုံးကြပါသည်။

     ပိန္နဲသီးအမာသီးသည် အပျော့သီးထက်ပို၍စားကောင်းသလို ဈေးလည်းကောင်းပါသည်။ တောင်ငူမြို့ ညောင်ပင်ဈေးတွင် ပိန္နဲသီး(အမာသီး)ကို တစ်လုံးလျှင် ၆၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ရောင်းချပါသည်။ အမွှာများကို အစေ့ထုတ်၍ ဖော့ဘူးဖြင့် တစ်ခါစားထုပ်ပိုးပြီး တစ်ဘူး ၅၀၀ ကျပ် ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)