တောင်ငူမြို့တွင် ဒေသကြက်ဥများအပြင် ရှမ်းပြည်နယ် တောင်ကြီးဒေသနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသတို့မှလည်း ကြက်ဥများ ဝင်ရောက်လျက်ရှိပါသည်။ ၁၂ ဘီးကား တစ်စီးလျှင် ကြက်ဥအလုံးရေ ၄၅၀၀၀ ပါရှိပြီး နှစ်ပတ်တစ်ကြိမ်ခန့်၊ တစ်လလျှင် နှစ်ကြိမ် ပို့ဆောင်ပေးပါသည်။
တောင်ငူမြို့ရှိ ကြက်ဥဆိုင်များ၌ ကြက်ဥတစ်လုံးလျှင် အသေး ၂၁၀ ကျပ်၊ အလတ် ၂၃၀ ကျပ်နှင့် အကြီး ၂၆၀ ကျပ်၊ ဘဲဥတစ်လုံးလျှင် အသေး ၂၈၀ ကျပ်၊ အလတ် ၃၁၀ ကျပ်နှင့် အကြီး ၃၅၀ ကျပ်ဖြင့် လက်လီလက်ကား ရောင်းချလျက်ရှိပါသည်။
ကြက်ဥ၊ ဘဲဥများမှ ဈေးနှုန်းသင့်တင့်ပြီး ချက်ပြုတ်ရာတွင်လည်း လွယ်ကူသဖြင့် အခြေခံလူတန်းစားများ အဝယ်များကြောင်း၊ ယခုလို အလှူအတန်းပေါများသည့်ကာလတွင် ရောင်းအားကောင်းကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)