နွေရာသီတွင် သောက်ရေအိုးများ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

     နွေရာသီသို့ ရောက်ရှိလာသည်ဖြစ်၍ ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းမြို့တွင် မတ်လပထမပတ်မှစ၍ သောက်ရေအိုးများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ခေတ်မှီ ဖွံဖြိုးလာသည်နှင့်အမျှ သောက်ရေသန့်ဗူးများကို ဝယ်ယူသုံးစွဲကြသော်လည်း နွေရာသီသို့ ရောက်ရှိလာပါက မြေသောက်ရေအိုးများကို အသုံးပြုကြပါသည် ။ ကျေးရွာများတွင် တစ်နှစ်တစ်ခါ မြေသောက်ရေအိုးများကို လဲလှယ်၍ အသုံးပြုကြသည့်အတွက် မြေသောက်ရေအိုး များအရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခု၂၀၂၄ခုနှစ် ၊ မတ်လ တတိယပတ်တွင် နတ်တလင်း ဒေသထွက် ကုန်းသာအိုး တစ်လုံး (၂၅၀၀)ကျပ်၊ အင်းမဒေသထွက် ကင်းသန်းအိုး တစ်လုံး (၃၀၀၀-၃၅၀၀) ကျပ်ဖြင့် ရောင်းချနေသလို မန္တလေးမြို့မှ ဝယ်ယူပြီး ရန္တပိုအိုး(ပြောင်) ပိုက်ဂေါက်ပါ (အကြီး၊အသေး) တစ်လုံး  (၃၀၀၀၀-၂၀၀၀၀)ကျပ်၊  ပန်းပါ  ပိုက်ဂေါက်ပါ အိုး (အကြီး၊ အလတ်၊ အသေး) တစ်လုံး (၃၀၀၀၀-၂၀၀၀၀-၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်၂၀၂၃ခုနှစ် နွေရာသီ ပေါက်ဈေးဖြင့် နှိုင်းယှဉ်ပါက ဒေသတွင်းထွက်ရှိသည့် အိုးတစ်လုံး (၅၀၀)ကျပ်ခန့် ၊ မန္တလေးအိုး တစ်လုံး (၂၀၀၀)ကျပ်ခန့် ဈေးတက်သွားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)