ဇီးကုန်းမြို့နယ်တွင်ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန် ဈေးနှုန်းများ

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မြို့မဈေးတွင် ၂၀၂၄ခုနှစ် ၊ မတ်လ တတိယပတ်အတွင်း ရောင်းချနေသော  အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၁၇၀၀၀၀-၁၈၆၀၀၀)  ကျပ်၊  ဧည့်မထဆန် တစ်အိတ် (၈၂၀၀၀) ကျပ်၊ စားသုံးဆီ ဈေးနှုန်းများမှာ မြေပဲဆီ တစ်ပိသာ (၁၆၀၀၀)  ကျပ်၊ နှမ်းဆီ တစ်ပိသာ(၁၅၀၀၀)ကျပ် ၊ ကြက်သွန်နီ (ကြီး)တစ်ပိဿာ (၃၅၀၀)ကျပ်၊ ကြက်သွန်နီ(သေး) တစ်ပိဿာ(၃၀၀၀)ကျပ် ကြက်သွန်ဖြူ ရှမ်းမွှာ တစ်ပိဿာ(၁၈၀၀၀)ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိသာ (၁၅၀၀၀) ကျပ်  ၊ ငရုတ်ခြောက် အရှည် တစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ငရုတ်ခြောက်အပွ တစ်ပိဿာ (၂၅၀၀၀) ကျပ်နှုန်းဖြင့် ရောင်းဝယ်နေပါသည်။

     အသား၊ ငါးဈေးနှုန်းများမှာ ဒေသကြက်တစ်ပိဿာ (၂၃၀၀၀) ကျပ်၊ CP ကြက်တစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ ငါးကြင်း  တစ်ပိဿာ (၁၂၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံး (၃၀၀)ကျပ်၊ ဘဲဥ တစ်လုံး (၄၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)