လက်ပံတန်းမြို့မဈေးအတွင်း၌ ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

Powered by Drupal

      လက်ပံတန်းမြို့မဈေးအတွင်း  မတ်လ တတိယပတ်၌ ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်များမှာ ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် ၈၀၀၀ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် ၃၅၀၀ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ချင်းတက်တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငရုတ်ခြောက် (အရှည်) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငရုတ်ခြောက်(အပု) တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ မန်းကျည်းသီးမှည့်အစေ့မပါ တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ကြက်ဉလက်လီဈေးနှုန်း(အကြီး) တစ်လုံးလျှင် ၂၈၀ကျပ်၊ (အသေး) တစ်လုံးလျှင် ၂၃၀ကျပ်၊ ဘဲဉ(အကြီး) တစ်လုံးလျှင် ၃၈၀ကျပ်၊ (အသေး) တစ်လုံးလျှင် ၃၅၀ကျပ် စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိကြပါသည်။

       အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ  လက်ပံတန်းမြို့အတွင်း ရောင်းချလျက်ရှိသော အသားမွေးမြူရေးကြက် (စီပီ) ကြက်သားတစ်ပိဿာလျှင် (၉၀၀၀/၁၀၀၀၀) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၂၄၀၀၀/၂၅၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၅၀၀၀/၁၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀/၁၆၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀/၁၀၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀/၈၀၀၀) ကျပ် စသည့်ဈေးနှုန်းများဖြင့် အသီးသီးရောင်းဝယ်နေကြောင်းသိရှိရပါသည်။

     စားသုံးဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် (၁၅၀၀၀/၁၈၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၅၀၀၀/၁၈၀၀၀) ကျပ်၊ စားအုံးဆီတစ်ပိဿာလျှင် ၇၀၀၀ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)