လက်ပံတန်းမြို့မဈေးအတွင်းရှိ ငါးဈေးကွက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့(မြို့မ)ဈေးအတွင်း၌ မတ်လ တတိယပတ်တွင် ရောင်းချနေသောငါးဈေးနှုန်းများမှာ ငါးကြင်းဖြူတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ငါးမြစ်ချင်းခြစ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ရေချိုပုစွန် (ကြီး) တစ်ပိဿာလျှင် ၅၀၀၀၀ကျပ်၊ ရေချိုပုစွန် (လတ်) တစ်ပိဿာလျှင် ၄၅၀၀၀ကျပ်၊ ရေချိုပုစွန် (သေး) တစ်ပိဿာလျှင် ၃၅၀၀၀ကျပ်၊ ရေချိုပုစွန် (စိပ်) တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ရေငန်ပုစွန်(ကြီး)တစ်ပိဿာလျှင် ၄၅၀၀၀ကျပ်၊ ရေငန်ပုစွန်(လတ်) တစ်ပိဿာလျှင် ၃၅၀၀၀ကျပ်၊ ရေငန်ပုစွန်(သေး) တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ငါးခူတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးကျည်းတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ငါးသလောက်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်၊ ပင်လယ်ငါးများဖြစ်သော ကင်းပွန်နှင့်ပြည်ကြီးငါးများ တစ်ပိဿာလျှင် ၄၀၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချနေကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)