ဘားအံမြို့တွင်းရှိ ဖရဲသီး ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်တွင် ဒေသထွက် ဖရဲသီးများ ဈေးကောင်းရလျက်ရှိကြောင်း သတင်းရရှိသည်။

      ဖရဲသီးကို ဘားအံမြို့ အနီးတဝိုက်ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ဘားအံမြို့ ဈေးကွက်အတွင်း ဖရဲသီးများ ရောင်းချဝယ်ယူရာ တွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိပါသည်။ ဖရဲသီး အလုံးကြီးတစ်လုံးလျှင် (၃၅၀၀၊ ၅၀၀၀) ကျပ်၊ ဖရဲသီး အလုံးလတ်တစ်လုံးလျှင် (၂၀၀၀၊ ၃၅၀၀) ကျပ်၊ ဖရဲသီး အလုံးသေး တစ်လုံးလျှင် (၁၅၀၀) ကျပ် တို့ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် ဒေသထွက်ဖရဲသီး နှင့်ပြည်တွင်းထွက် ဖရဲသီးများ လှိုင်လှိုင်ပေါနေသောလည်း ဘားအံမြို့ရှိ ဖရဲသီးစိုက်တောင်သူများ အနေဖြင့် ဈေးကောင်းရ၍ တွက်ချေကိုက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)