ဘားအံမြို့ဒေသထွက် မရမ်းသီးဈေးနှုန်း

Powered by Drupal

      ၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ် ဘာအံမြို့၏ ဈေးကွက်တွင် နွေရာသီပေါ်စာသီးနှံဖြစ်သည့် မရမ်းသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

     ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိတဲ့ မရမ်းသီး ကို ဆောင်းရာသီ အအေးဓာတ်လေးမကုန်ခင် အချိန်တွင် ဆားရည်စိမ်၍ပဲစားစား၊ ဆေးသကြားလေးနှင့် အချိုစိမ်ပြီးပဲစားစား၊ ပါးပါးလှီးပြီး သုပ်ပဲစားစား၊ ငပိလေးနဲ့ရောထောင်းပြီးပဲစားစား၊ လက်ဖက်နှင့် ရောနယ်ပြီးစားစား ၊ မျှင်ငါးပိ/ ငါးလေးရေကျိုငါးပိနှင့် ပဲ တွဲဘက်ပြီး ကြော်စားစား ခံတွင်းတွေ့၍ စိတ်ကျေနပ်စရာကောင်းလှပြီး မြန်မာလူမျိုးများကြိုက်နှစ်သက်လှသည့်  စားသောက်ဖွယ်ရာ သီးနှံတစ်မျိုးဖြစ်သည်။

      ပွင့်လင်းရာသီ နွေရာသီချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် မရမ်းသီးဈေးနှုန်းများမှာ မရမ်းချဉ်သီး တစ်ပြည် ဈေးနှုန်း (၇၀၀၀/၈၀၀၀) ကျပ်၊ မရမ်းချိုသီး တစ်ပြည်ဈေးနှုန်း (၁၆၀၀၀၊ ၁၈၀၀၀) ကျပ်နှင့် မရမ်းချဉ်သီး တစ်ဗူးဈေးနှုန်း(၇၀၀/၈၀၀/၉၀၀) ကျပ်၊ မရမ်းချိုသီးတစ်ဗူး (၂၀၀၀/ ၂၂၀၀) ကျပ် တို့ဖြင့် ဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)