တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်ထုတ်ဝန်ထမ်းများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် (၂၁-၃-၂၀၂၄)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းစားသုံးသူရေးရာဦးစီးဌာန၊ ထားဝယ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ထားဝယ်မြို့ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာထုတ်ဝန်ထမ်းများအား ထားဝယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ဘေးရှိ အ-ထ-က(၁) ကျောင်းဝင်းအတွင်း၌ စားသုံးဆီသတ်မှတ်ရည်ညွှန်းဈေး ၁ပိဿာလျှင် ၆၀၀၀ကျပ်ဈေးနှုန်း၊ လူတစ်ဦးလျှင် ၁ပိဿာနှုန်းဖြင့် ပင်စင်စားဦးရေ ၂၀၀ဦးအား ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)