ရွှေတောင်မြို့၏ ကြက်ဟင်းခါးသီးဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

     ပြည်ခရိုင်၊ ရွှေတောင်မြို့၊ မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာတွင် ကြက်ဟင်းခါးသီးအပင်များကို စိုက်ပျိုးထားရှိပါသည်။ ကြက်ဟင်းခါးသီးမှာ အရန်ဟင်းအဖြစ် လူများကြော်၍ စားသုံးကြသည့်အပြင် ပြုတ်၍လည်း အတို့အမြုပ်လုပ်၍ စားသောက်ကြပါသည်။ ကြက်ဟင်းခါးသီးစိုက်ပျိုးရာတွင် မြောင်းပေါင်များပြုလုပ်ကာ စိုက်ပျိုးရပြီး မြောင်းတစ်မြောင်းလျှင် အပင်ရေ ၁၀၀ခန့်စိုက်ပျိုးကြောင်းသိရှိရပါသည်။ ကြက်ဟင်းခါးသီးပင်ကို စိုက်ပျိုးပြီးသည့်အချိန်မှစ၍ အသီးထွက်သည့်အထိ ကုန်ကျစရိတ်မှာ ၂၅၀၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရှိရပါသည်။ ကြက်ဟင်းခါးသီးပင်ကို နတ်တော်လတွင် စတင်စိုက်ပျိုးပြီး တပို့တွဲလတွင်အသီးများကို စတင်ခူးဆွတ်ရပါသည်။ အသီးများကိုခူးဆွတ်ရာတွင် (၂)ရက်ခြားတစ်ခါခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် ကြက်ဟင်းခါးသီးအလုံးရေ (၉၀၀)မှ (၁၀၀၀)ထိရရှိပြီး ရောင်းချသည့်ဈေးနှုန်းမှာ တစ်လုံးလျှင် ၁၅၀ကျပ်ဖြင့် စိုက်ခင်းထဲထိ လာရောက်ဝယ်ယူကြောင်းသိရှိရပါသည်။ ကြက်ဟင်းခါးသီး အပင်ရေ ၁၀၀တွင် အမြတ်အနေဖြင့် ၅၅၀၀၀၀ကျပ်ခန့်ရရှိသဖြင့် တစ်နိုင်တစ်ပိုင်ဝင်ငွေရရှိသောကြောင့် စိုက်ပျိုးသင့်သောအသီးဖြစ်ပါသည်။

DOCA(ပဲခူး)