သထုံခရိုင်၏ ဆန်စပါးဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှုအခြေအနေ

Powered by Drupal

      သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်၌ စပါး၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၄၀၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့်၊ စုစုပေါင်း (၆၀၀၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၉၀) တန်ခန့်စီးထွက်ခဲ့ပါသည်။ ယခုမတ်လ တတိယပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၇၅၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၁၀၀) အိတ်ခန့်၊ စုစုပေါင်း(၅၈၅၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၈၀) တန်ခန့်စီးထွက်ခဲ့ပြီး ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ပုံမှန်အတိုင်းစီးထွက်ခဲ့ပါသည်။

       သထုံခရိုင်အတွင်းသို့ မတ်လ ဒုတိယပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၄၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၂၁၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၆၉) တန်ခန့်စီးဝင်ခဲ့ပြီး၊ ယခုမတ်လ တတိယပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၂၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၅၄) တန်ခန့်စီးဝင်ခဲ့ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့နည်း၍ စီးဝင်ခဲ့ပါသည်။

       သထုံခရိုင်အတွင်း၌ မတ်လ တတိယပတ်တွင် စပါး၊ ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀)လျှင် ဒေသပေါက်ဈေးနှုန်းများမှာ ကျားပျံဟိုတယ် (၃၄၅၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၃၂၀၀၀၀၀) ခန့်၊ ကမာကြည် (၂၆၀၀၀၀၀)ခန့်၊ ဧည့်မထ (၂၀၀၀၀၀၀)ခန့်နှင့် (၂၄)ပြည်ဝင်ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၁၈၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၁၁၂၀၀၀) ခန့်၊ ကမာကြည် (၉၅၀၀၀)ခန့်၊ ဧည့်မထ (၈၀၀၀၀)ခန့်ရှိပြီး ယခုအပတ်တွင် စပါးဆန်ဈေးနှုန်းမှာ အကျဘက်သို့ ဦးတည်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)