မတ်လတွင် ကုလားပဲအမျိုးအစားများအလိုက် ကန့်ဘလူဈေးကွက်သို့ ဝင်ရောက်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပွဲရုံများ၏ သီးနှံအဝင်/အထွက်များ၊ ဈေးနှုန်းများနှင့်အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်း တို့ကို အပတ်စဉ်တင်ပြလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ကန့်ဘလူပွဲရုံပိုင်ရှင်နှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

      ထိုသို့ဆက်သွယ်မေးမြန်းရာတွင် ကုလားပဲအမျိုးအစား(၄)မျိုးသည် မတ်လ ပထမပတ်မှ စတင်၍ ကန့်ဘလူဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ မတ်လ တတိယပတ်အတွင်း အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းများမှာ ကုလားပဲ V2အမျိုးအစား တစ်တင်းလျှင်(၈၀၀၀၀/-)ကျပ်၊ V7အမျိုအစား တစ်တင်းလျှင်(၈၂၀၀၀/-)ကျပ် 929အမျိုးအစား တစ်တင်းလျှင်(၇၇၀၀၀/-)ကျပ်နှင့် ထိုင်ဝမ်းအမျိုး အစား တစ်တင်းလျှင်(၇၅၀၀၀/-)ကျပ် ပေါက်ဈေးရှိပြီး မတ်လ တတိယပတ်အတွင်း အရောင်းအဝယ် ဖြစ်မှုမှာ ကုလားပဲ V2အမျိုးအစား (၃၀၀)တင်း၊ ကုလားပဲ V7 အမျိုးအစား (၃၇.၅)တင်း၊ 929အမျိုး အစား (၆၀၀) တင်း ၊ ထိုင်ဝမ်အမျိုအစား (၁၀.၅)တင်း ကုလားပဲအမျိုးအစား(၄)မျိုး စုစုပေါင်း (၉၄၈) တင်း ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူအရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခင်နှစ် ကာလတူ၌ ကုလားပဲ V2အမျိုးအစား တစ်တင်းလျှင်(၄၀၀၀၀/-)ကျပ်၊ V7အမျိုအစား တစ်တင်းလျှင် (၄၅၀၀၀/-)ကျပ် 929 အမျိုးအစားနှင့်ထိုင်ဝမ်အမျိုးအစားမှာ တစ်တင်းလျှင်(၃၈၀၀၀/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့်  ယခုနှစ်တွင် ယခင်နှစ်ကာလတူ ကုလားပဲ V2အမျိုးအစား တစ်တင်းလျှင် (၄၀၀၀၀/-)ကျပ်၊ V7အမျိုအစား တစ်တင်း လျှင်(၃၇၀၀၀/-)ကျပ်၊ 929အမျိုးအစား တစ်တင်းလျှင်(၃၉၀၀၀/-)ကျပ်နှင့် ထိုင်ဝမ်းအမျိုးအစား တစ်တင်းလျှင်(၃၇၀၀၀/-)ကျပ်  ဈေးပိုမိုရရှိခဲ့ကြောင်းနှင့် နှစ်စဉ်တစ်နှစ်လျှင် ကုလားပဲအမျိုးအစား(၄)မျိုးပေါင်း (၆၀၀၀)တင်းခန့် အဝင်/အထွက်ရှိကာ ဝင်ရောက်လာသမျှ သီးနှံများကို ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်လျက်ရှိပြီး မန္တလေးမြို့ ဇောတိက ပွဲရုံတစ်ခုတည်းကိုသာ ပို့ဆောင်ရောင်းချကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)