မကွေးတိုင်းဒေသကြီးအတွင်း ဆန်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရပါသည်။ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ မြို့သစ်၊ တောင်တွင်းကြီးမြို့တို့တွင် ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ မတ်လ(၁၆)ရက်နေ့မှ (၂၂)ရက်နေ့အတွင်း စပါးဈေးနှုန်းများမှာ ဧရာပဒေသာ(၁)တင်းလျှင် ကျပ်(၃၈၀၀၀-၃၉၀၀၀)၊ ဧည့်မထမိုး(၁)တင်းလျှင်  ကျပ်(၂၂၀၀၀)၊ ဧည့်မထနွေ(၁)တင်းလျှင်  ကျပ်(၂၅၀၀၀)၊ မနောသုခ(၁) တင်းလျှင် ကျပ်(၂၅၀၀၀-၂၇၀၀၀)ဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး(၂၄)ပြည်(၁)အိတ်လျှင် ကျပ် (၁၆၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၅၅၀၀၀)၊ မနောသုခ ကျပ်(၁၀၀၀၀၀)၊ ရတနာတိုး ကျပ် (၇၅၀၀၀)၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၆၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၃၅၀၀၀)၊ မနော သုခ ကျပ်(၉၀၀၀၀)၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ် (၁၁၅၀၀၀)၊ မနောသုခ ကျပ်(၉၃၀၀၀)၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၇၅၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၄၂၀၀၀)၊ မနောသုခ ကျပ်(၉၃၀၀၀)၊ ရတနာတိုး ကျပ်(၈၀၀၀၀)၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၆၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၅၆၀၀၀)၊ မနောသုခ ကျပ်(၉၀၀၀၀)၊ ရတနာတိုး ကျပ်(၇၀၀၀၀)၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၄၅၀၀၀)၊ မနောသုခ ကျပ်(၉၅၀၀၀)၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၇၀၀၀၀)၊ ဧရာပဒေသာ ကျပ် (၁၆၀၀၀၀)၊ မနောသုခ ကျပ်(၁၁၀၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကုန်ဇောင်းဧရာ ပဒေသာဆန်မှာ ဆီးချိုသမားများမှ ဝယ်ယူစားသုံးမှုများ၍ ရွှေဘိုပေါ်ဆန်းဈေးနှင့်အတူတူ ဖြစ်ပါ သည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ဆန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့၂၀၂၄ခုနှစ်၊ မတ်လ(၁.၃.၂၀၂၄)ရက်နေ့မှ (၂၂.၃.၂၀၂၄) ရက်နေ့အထိ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်(၁၇၃၈၇)အိတ်၊ မန္တလေးတိုင်းဒေသကြီးမှ ဆန်(၉၄၀)အိတ်၊ ပဲခူးတိုင်းဒေသကြီးမှ ဆန်(၃၅၀)အိတ်နှင့်  ပခုက္ကူမြို့သို့  စစ်ကိုင်းတိုင်းဒေသကြီးမှ ဆန်(၄၇၈၀) အိတ်၊ စုစုပေါင်း (၂၃၄၅၇)အိတ်၊ (၁၁၇၃)တန်စီးဝင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)