သရက်မြို့နယ် ပဲကြီး၊ ကုလားပဲ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်ကြသော စခန်းကြီး၊ တောင်ဘော၊ မြောက်ဘော၊ ကွမ်းအုံ၊ ရေဘွတ်၊ ဘော်၊ အင်းလယ်၊ မိုးနတ်ကုန်း၊ တဇီးကောက် စသည့်ကျေးရွာများမှ ထွက်ရှိသည့်ပဲမျိုးစုံများအနက် ပဲကြီးသီးနှံများ လှိုင်လှိုင်‌ပေါ် ထွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် ပဲကြီး(၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ် (၁၅၀၀၀၀)ဈေးဖြင့် ဝင်‌ရောက်လျက်ရှိပြီး ယခုမတ်လ(တတိယပတ်)တွင် ကျပ်(၁၃၅၀၀၀)ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၁၅၀၀၀)ဈေးအနိမ့်ဖြင့် တစ်နေ့လျှင် အိတ်ရေ(၂၀ မှ ၃၀)ဝန်းကျင်ခန့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

  ထို့အပြင် ကုလားပဲသီးနှံများလည်း လှိုင်လှိုင်ပေါ်ထွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယ ပတ်)တွင် ကုလားပဲ(၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၁၃၃၅၀၀)ဈေးဖြင့် တစ်နေ့လျှင် အိတ်ရေ (၁၅ မှ ၃၀)အတွင်း ဝင်‌ရောက်လျက်ရှိပါကြောင်း၊ ယခုမတ်လ(တတိယပတ်)တွင် ကျပ်(၁၂၃၀၀၀) ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၁၀၅၀၀)ဈေးအကျဖြင့်   တစ်နေ့လျှင် အိတ်ရေ(၃၀ မှ ၅၀)ဝန်း ကျင်ခန့်အရာင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲခူးတိုင်း ပြည်မြို့သို့ တင်ပို့ရောင်းချရပါကြောင်းကုန်သည် ဦးစိုးတင့်ထံမှ သိရှိရပါသည်။

DOCA(မကွေး)