“ဆောင်းကုလားပဲ စိုက်ပျိုးမှု၊ရိတ်သိမ်းထွက်ရှိမှုနှင့် စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊‌‌ကျောက်ဆည်ခရိုင်တွင် ဆောင်းကုလားပဲကို ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၂၈၄၂၆)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် (၁၆၃၀၄)ဧက၊ မြစ်သားမြို့နယ် တွင်(၃၃၆၁၂)ဧက၊ စုစုပေါင်း(၇၈၃၄၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧကအနေဖြင့် ကျောက်ဆည် မြို့နယ်တွင်(၉၄၇၆)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် (၁၁၇၆၉)ဧက ၊ မြစ်သားမြို့နယ်တွင်(၂၀၆၁၄)ဧက၊ စုစုပေါင်း(၄၁၈၅၉)ဧက ရိတ်သိမ်းပြီးစီးကြောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန၏စာရင်းများအရ သိရှိရပါသည်။ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊ ထွန်ယက်ခ ၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း (၂၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ (၁)ဧက ပျမ်းမျှအထွက်နှုန်းအနေဖြင့် (၉-၁၀)တင်းခန့်ထွက်ရှိကြောင်း၊ယခင်နှစ်ကုလားပဲစျေးနှုန်းအနေဖြင့် ကုလားပဲရိုးရိုး တစ်တင်းလျှင် (၅၃၀၀၀/-)ကျပ်၊ကုလားပဲV2 တစ်တင်း လျှင်(၆၃၀၀၀/-)ကျပ်စျေးနှုန်းများရှိခဲ့ပြီး ယခုနှစ် ကုလားပဲ စတင်ထွက်ပေါ်ချိန် ဖေဖော်ဝါရီလဆန်းပိုင်း ပထမပတ်တွင် ကုလားပဲရိုးရိုး တစ်တင်းလျှင် (၉၀၀၀၀/-)ကျပ်၊ကုလားပဲV2တစ်တင်းလျှင်(၉၈၀၀၀/-)ကျပ်စျေးနှုန်းများရှိခဲ့ကြောင်း ၊ ယခုအချိန်တွင် ကုလားပဲရိုးရိုး တစ်တင်းလျှင်(၇၄၀၀၀/-)ကျပ်၊ ကုလားပဲV2 တစ်တင်းလျှင်(၇၈၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၅၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်ရရှိကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)