
မိတ္ထီလာဈေးကွက်ရှိ ကြက်သွန်နီဈေးမှာ မတ်လလယ်ခန့်တွင် ယခင်တစ်ပတ်ထက်ဈေးအနည်းငယ်ပိုလာကြောင်း သိရသည်။ မိတ္ထီလာဈေးကွက်အနေနှင့် ရန်ကုန်နှင့်ပဲခူးသို့ ပုံမှန်တင်ပို့နေရာ မတ်လဒုတိယပတ်တွင် တင်ပို့မှုများလာပြီး တာချီလိတ်သို့လည်း အခြားကုန်များနှင့် ရောနှောတင်ပို့ ကြောင်းသိရသည်။ မတ်လ ဒုတိယပတ်အတွင်း ရန်ကုန်သို့ နေ့စဉ် (၁၂) ဘီးကားဖြင့် ကုန်ချိန်ပိဿာ (၅၀၀၀) ဝန်းကျင်ကို အခြားကုန်များနှင့် ရော၍လည်းကောင်း၊ ပဲခူးသို့ နေ့စဉ် (၆) ဘီးကား (၂/၃) စီးနှင့် ကုန်ချိန်ပိဿာ (၄၀၀၀/၅၀၀၀) ကို အခြားကုန်များနှင့်ရော၍လည်းကောင်း တင်ပို့ကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း တာချီလိတ်သို့လည်း (၁၂) ဘီးကားဖြင့် အခြားကုန်များနှင့်ရော၍ ကုန်ချိန်ပိဿာ (၃၀၀၀) တင်ပို့ပြီး၊ ကုန်တင်ခမှာ တစ်ပိဿာ (၂၅၀) ဝန်းကျင်ရှိကြောင်းသိရသည်။ မိတ္ထီလာ-ရန်ကုန် ကုန်တင်ခမှာ တစ်ပိဿာ (၁၃၀) ၊ မိတ္ထီလာ-ပဲခူးကုန်တင်ခမှာ တစ်ပိဿာ (၁၂၀) တို့ဖြင့် ဈေးငြိမ်နေကြောင်း သိရသည်။ ကြက်သွန်နီဈေးမှာ တောင်သူရောင်းဈေးအနေနှင့် ယခင်တစ်ပတ်က တစ်ပိဿာ (၂၀၀၀) ဝန်းကျင်ရှိခဲ့ပြီး၊ ယခုပတ် (၂၁၀၀) ဝန်းကျင်ရှိကာ နယ်ဝယ်လက်အဝယ်များပြီး ၊ အသစ်မပေါ်သေးသဖြင့် ဈေးအနည်းငယ်ပိုလာခြင်းဖြစ်ကြောင်းနှင့် လာမည့်တန်ခူးလ (ဧပြီလလယ်)တွင် ကြက်သွန်နီအသစ်များ တူးဖော်မည်ဖြစ်၍ ဈေးကျလာနိုင်ကြောင်း သိရသည်။
DOCA(မန္တလေး)