ကန့်ဘလူခရိုင်အတွင်းရှိ စပါး၊ဆန်ဈေးနှုန်းများ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၌ ၂၀၂၄ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် ငွေကျပ် ၃၇၀၀၀၀၀ ၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင် ငွေကျပ် ၂၅၀၀၀၀၀ နှင့် ရွှေဘိုပေါ်ဆန်းဆန်၂၄ ပြည်ပါတစ်အိတ်လျှင် ငွေကျပ် ၁၃၀၀၀၀ ၊ ဧရာမင်းဆန်၂၄ ပြည်ပါတစ်အိတ်လျှင် ငွေကျပ် ၁၂၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ  ယခင်အပတ်နှင့်နှိုင်းယှဉ် ကြည့်လျှင် စပါးဆန်ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းနေကြာင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးသို့ ဆန်အိတ်ရေ ၁၀၀၀အိတ်နှင့် ရန်ကုန်တိုင်းဒေသ ကြီးသို့အိတ်ရေ ၃၀၀၀ စုစုပေါင်း ၄၀၀၀ အိတ် တန်အားဖြင့် ၂၀၀ တန် စီးထွက်ခဲ့ကြောင်း ဒေသခံ ဆန်စက် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)