ကန့်ဘလူခရိုင်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသလို စားသုံးသူများအလွယ်တကူ ဝယ်ယူသုံးစွဲနိုင်စေ ရန်နှင့် ဈေးနှုန်း၊ဈေးကွက်တည်ငြိမ်မှန်ကန်စေရန် ရည်ရွယ်၍ ဆောက်လုပ်ရေးသုံးပစ္စည်းရောင်းချ သည့်ဆိုင်များအား (၂၅.၃.၂၀၂၄)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး တွေ့ဆုံဆွေးနွေးခဲ့သည်။

      ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက လုပ်ငန်းရှင်များအနေဖြင့် ဘိလပ်မြေဝယ်ယူရရှိမှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အား ဆွေးနွေးမေးမြန်းခဲ့ရာ လုပ်ငန်းရှင် မှ မန္တလေးမြို့၌ ဘိလပ်မြေဝယ်ယူရာတွင် အခက်အခဲများစွာဖြစ်ပေါ်နေပြီး ပစ္စည်းလက်ကျန် ပြတ်လပ်မှုဖြစ်ပေါ်လာနိုင်ကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ်နှင့် ကျွန်းလှမြို့ တို့တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN”အမှတ်တံဆိပ် ဘိလပ်မြေ‌ဈေးနှုန်းမှာ တစ်အိတ်လျှင် ၁၃၇၀၀ ကျပ်နှင့် “ကြံ့နှစ်ကောင်”အမှတ်တံဆိပ် ဘိလပ်မြေ ဈေးနှုန်းမှာ တစ်အိတ်လျှင် ၁၃၂၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)