ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ဒေသထွက်ရာသီစာ ဆူးပုတ်ရွက်ဖြင့် မိသားစုဝင်ငွေရရှိ

Powered by Drupal

     ကန့်ဘလူခရိုင်အတွင်း မိမိတို့အိမ်ခြံဝင်းအတွင်း၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားကြသော ဆူးပုတ်ရွက်ကို မိမိတို့ဒေသတွင်သာမက ဒေသတိုင်းတွင် လူကြိုက်များပြီး အစားများကြသော အရွက်တစ်မျိုးဖြစ်ပါသည်။ ယခုမတ်လ လဝက်လောက်မှ ဆူးပုတ်ရွက်များစတင်၍ ဈေးကွက်အတွင်းသို့ ရောက်ရှိလာပါသည်။ ဆူးပုတ်ရွက်ကို အစည်းလိုက်ချက်၍သော်လည်းကောင်း၊ ကန်စွန်းရွက်၊ ပဲတီပင်ညှောက်၊ ပဲနီပင်ညှောက်၊ ဂွေးတောက်ရွက်၊ ကြက်ဥတို့ဖြင့် ကြော်စား/ ချက်စား၍သော်လည်းကောင်း၊ ပဲဟင်းချို/ ဟင်းချိုဟင်းများတွင်လည်းခတ်စားကြပြီး ပိတ်စွယ်၊ ပိန္နဲသီးအနုပြုတ်၊ ခရမ်းသီးခြောက် စသည်တို့နှင့်လည်း ရောနှော၍ချက်စားကြပါသည်။ ဆူးပုတ်ရွက်ဈေးအနေဖြင့် မတ်လ တတိယအပတ်တွင် ဆူးပုတ်အစည်း (၁)စည်းလျှင် ကျပ်(၃၀၀)၊ (၂)စည်းလျှင် ကျပ်(၅၀၀)နှုန်း၊ ယခုမတ်လ  နောက်ဆုံးပတ်တွင် ဆူးပုတ်ရွက် (၁)စည်းလျှင် (၂၀၀)ကျပ်နှုန်းဖြင့် စတင်ရောင်းချလျက်ရှိပြီး မတ်လ စတုတ္ထပတ်နှင့် နောက်ဆုံးပတ်တို့တွင်  ဆူးပုတ်အစည်း (၁)စည်းလျှင် ကျပ်(၂၀၀)၊ (၃)စည်းလျှင် (၅၀၀)ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိခဲ့ပြီး   တဖြည်းဖြည်းဈေးနှုန်းကျဆင်းလာကာ  လှိုင်လှိုင်ထွက်ရှိလာပြီဖြစ်ပါသည်။ ဆူးပုတ်ရွက်ကို တစ်ရက်ခြားခူးဆွတ်ရပြီး  မိသားစုပုံမှန်ဝင်ငွေရရှိနေကာ အရောင်းအဝယ်ဖြစ်နေကြောင်း  စိုက်ပျိုးထားသူတစ်ဦးနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို အရောင်းအဝယ်လုပ်နေသော ကုန်စိမ်းဈေးသည်တစ်ဦးထံမှသိရိရပါသည်။

DOCA(စစ်ကိုင်း)