ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာ ဒေသများနှင့် ဈေးနှုန်းများ

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန်  အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန် အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ မတ်လ (၁၉) ရက်မှ မတ်လ (၂၅) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မုံရွာ၊ မြစ်သား၊ တောင်တွင်းဒေသတို့မှ ကြက်သွန်နီ (၁၁၁၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၄၄၄၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ မြစ်သား ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၂၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၀၀၀ ၊ အကြီးမှာ ကျပ် ၃၃၀၀၊ ရှယ်မှာ ကျပ် ၃၃၀၀၊  ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၁၀၀ ၊ အကြီးမှာ ကျပ် ၂၃၀၀၊ ရှယ်မှာ ကျပ် ၂၄၀၀၊  တောင်တွင်း ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၁၀၀ ၊ အကြီးမှာ ကျပ် ၂၂၀၀၊ ရှယ်မှာ ကျပ် ၂၃၀၀၊ မုံရွာ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၉၀၀ ၊ အကြီးမှာ ကျပ် ၂၂၀၀၊ ရှယ်မှာ ကျပ် ၂၃၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)