ဆိပ်ဖြူကြက်သွန်နီ မတ်လ(စတုတ္ထပတ်) ဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင်ကြက်သွန်နီဈေးကွက်သို့ မတ်လ (စတုတ္ထပတ်)တွင် နွေကြက်သွန်နီ (ပင်စိုက်)အသစ်များ လှိုင်လှိုင်ဝက်ရောက်လျက်ရှိပြီး တစ်ရက်လျှင် ကုန်ချိန်(၁)သိန်းမှ (၁)သိန်းခွဲအထိဝင်ရောက်ပြီး ဒေသတွင်းကြက်သွန်နီအများဆုံးစိုက်ပျိုးသော ဆိပ်ဖြူမြို့ပေါ်ရှိ ရွာသစ်၊ အနောက်ပိုင်းရပ်ကွက်များ၊ ကိုးတောင့်အုပ်နှင့် လိပ်ခြံ၊ ရွာသစ်ကြီး၊ ကပိုင်၊ ကံတွင်း၊ ချင်တောင်၊ အောက်ဆိပ်၊ ကျောင်းရွာ၊ ကုန်းရွာများနှင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများမှ  အများဆုံးဝင်ရောက်မှုရှိပြီး တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ (၈)သိန်းခန့်ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။

       ကြက်သွန်နီဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ မတ်လ(စတုတ္ထပတ်)တွင် ဈေးအနည်းငယ်ဆက်လက်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နွေကြက်သွန်နီ(ပင်စိုက်) (ဂျွန်)တစ်ပိဿာလျှင် အမြင့် ဈေး (ထိပ်စရှယ်) ကျပ်(၁၉၇၅)၊ အလတ်စ ကျပ်(၁၈၀၀)၊ အသေးစ ကျပ်(၁၅၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်မတ်လ(တတိယပတ်)တွင် ထိပ်စအမြင့်ဈေး ကျပ်(၂၁၅၀)၊ အလတ်စ ကျပ်(၁၉၀၀)၊ အသေးစ ကျပ်(၁၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

       ယခင်မတ်လ(တတိယပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ရမည်ဆိုလျှင် ယခုမတ်လ(တတိယပတ်) တွင် အမြင့်ဈေး(ထိပ်စ) ကျပ်(၁၇၅)၊ အလတ်စနှင့် အသေးစမှာ ကျပ်(၁၀၀) ဈေးနှုန်းအသီးသီး ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးအနည်းငယ်ကျဆင်းရခြင်းမှာ ကြက်သွန်နီဈေးကွက်သို့ ကုန်ချိန်ဝင်ရောက်မှုများခြင်းနှင့် ပြည်ပဝယ်လိုအားဈေးကွက်နည်းခြင်းကြောင့် ဈေးနှုန်းကျဆင်းသွားကြောင်းသိရှိရပါသည်။

      ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို မတ်လ(တတိယပတ်)တွင် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ မော်တော်ယာဉ်(၂၁)စီး၊ မြဝတီမြို့သို့ တွဲကား(၂၅)စီး၊ ပြည်မြို့သို့ (၆)ဘီးကား (၇)စီး၊ ပုသိမ်မြို့သို့  (၆)ဘီးကား (၆)စီး၊ စုစုပေါင်းကုန်ချိန်ပိဿာ (၈)သိန်းခန့်၊ တန်ချိန်အားဖြင့်(၁၃၀၆)တန်ခန့်  ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)