မိတ္ထီလာဈေးကွက်သို့ ဆောင်းကြက်သွန်နီများ အဝင်ရှိလာ

Powered by Drupal

      မိတ္ထီလာဈေးကွက်သို့ မတ်လလယ်ပိုင်းတွင် ဆောင်းကြက်သွန်နီအသစ်များ ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။ ဆောင်းကြက်သွန်နီမှာ ပုံမှန်အားဖြင့် ဧပြီလ(တန်ခူးလ)တွင် နှုတ်သိမ်းလေ့ရှိသော်လည်း ယခုနှစ်တွင် ဈေးကောင်းနေခြင်းကြောင့် ပုံမှန်နှုတ်သိမ်းချိန်မတိုင်မီစော၍ ရိတ်သိမ်းကြောင်း သိရသည်။ မိတ္ထီလာဈေးကွက်အနေနှင့် ကြက်သွန်နီကို ရန်ကုန်၊ ပဲခူးနှင့်ပြည်တွင်း ဈေးကွက်များသို့ ပုံမှန်တင်ပို့နေပြီး၊ ပြည်ပဝယ်လက်မှလည်း အဝယ်ရှိနေခြင်းကြောင့် ယခုအခါ မိုးကြက်သွန်နီ (မြှိတ်စား၊ဇော်မွှား) တို့အပြင် ဆောင်းကြက်သွန်နီစောစွာ နှုတ်သိမ်းလေ့ရှိလေ့သည့် မြစ်သားစတို့မှာ လက်ကျန်မရှိသလောက် နည်းလာပါသည်။ ထို့အတွက် ကြက်သွန်နီဈေးကောင်းနေရာ ဆောင်းကြက်သွန်နီကို ပုံမှန်ထက်စောစွာ နှုတ်သိမ်းခြင်းဖြစ်ပါသည်။ ယခုနှစ်ကြက်သွန်နီသီးနှံအနေနှင့် မိုးကြက်သွန်နီ လက်ကျန်မှာ ဆောလျင်စွာ မရှိတော့ခြင်း၊ ဝယ်လိုအားကောင်းခြင်းတို့ကြောင့် ကြက်သွန်နီဈေးများစွာ မနိမ့်နိုင်ကြောင်း ကုန်သည်များက ခန့်မှန်းထားကြပါသည်။ လက်ရှိကြက်သွန်နီဈေးမှာ တစ်ပိဿာ ၂၀၀၀ ကျပ် ဝန်းကျင်ဖြင့် ယခင်တစ်ပတ်နှင့်စာလျှင် ဈေးတန်းနေကြောင်း သိရသည်။

DOCA(မန္တလေး)