တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၄ခုနှစ်၊ မတ်လအတွင်း စားသုံးသူပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် နေ့စဉ် စားအုန်းဆီများရောင်းချပေးလျက်ရှိ

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၄ခုနှစ်၊ မတ်လအတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန်ဖြူးရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ တင်ပြထားသည့် တစ်ရက်လျှင်   (၉၃)   ပေပါအား ဖြန်ဖြူးပေးလျက်ရှိပါသည်။ 

        ထိုသို့ဖြန့်ဖြူးပေးလျက်ရှိသော ဆီများမှာ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနတို့၏စိစစ်မှုဖြင့် ထားဝယ်ခရိုင်တွင် ဆီကုန်သည် (၁၄) ဦး၊ မြိတ်ခရိုင်တွင် (၄၁)ဦး၊ ကော့သောင်းခရိုင်တွင် (၂၆)ဦးတို့က စားသုံးသူပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် လူတစ်ဦးလျှင် (၁) ပိဿာနှုန်း နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆီပေပါ (၁၇၆၇) ပေပါရောင်းချပေးပြီးဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)