![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/280_4.jpg?itok=NQuKMXkc)
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများက ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၄ခုနှစ်၊ မတ်လ (နောက်ဆုံးပတ်) ၃၀ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေး၌ နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ်ရောင်းချပေးလျက်ရှိပါသည်။
ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့သည် အခြေခံစားသောက်ကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ ထုတ်လုပ်သူများနှင့်ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင် ၅၈၅၀ကျပ်၊ ဝယ်ယူသည့်ပြည်သူများအဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၆၆၀) ပိဿာ၊ ဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ ဆန်(၂၄)ပြည်ဝင်အိတ် (၂၀) အိတ်၊ ကြက်ဥ (၅) လုံးပါတစ်ထုပ်လျှင် ၁၀၀၀ကျပ်၊ ကြက်ဥအလုံး(၂၇၀၀)၊ ငုံးဥ ( ၁၆ ) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ အလုံး( ၃၀၀၀ )နှင့် ကြာဆံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)