ဘိလပ်မြေဈေးကွက်အခြေအနေ

Powered by Drupal

     ရန်ကုန်မြို့တွင် အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေမှာ ယခုတစ်ပတ်အတွင်း ၁၈.၃.၂၀၂၄ မှ ၂၂.၃.၂၀၂၄ ထိ ဈေးနှုန်းအနည်းငယ်မြှင့်တက်လာခဲ့ကြောင်း သိရပြီး ပြည်တွင်းတည် ဆောက်ရေးလုပ်ငန်းများအနေဖြင့် ဘတ်ဂျက်ပိတ်ကာလဖြစ်၍ လုပ်ငန်းများအပြီးပြတ် ဆောင်ရွက်နေရသလို သယ်ယူပို့ဆောင်ခနှုန်းထားများကြောင့်လည်းကောင်း၊ ပြည်တွင်းကုန်ကြမ်းရရှိမှု အခက်အခဲများကြောင့်လည်းကောင်း ပြည်တွင်းစက်ရုံများမှ ကုန်ထုတ်လုပ်မှုလျော့နည်းခြင်းတို့ကြောင့် ပြည်တွင်းဈေးကွက်မှာ ကုန်ပစ္စည်းလက်ကျန်နည်း၍ ဈေးနှုန်းအနည်းငယ်မြှင့်တက်လာခြင်းဖြစ်ကြောင်း ဘိလပ်မြေအရောင်းဆိုင်များတွင် မေးမြန်းစုံစမ်းမှုအရ သိရှိရပါသည်။

       ဈေးကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် Alpha အမျိုးအစား ဘိလပ်မြေမှာ အရည်အသွေးကောင်းမွန်သောကြောင့် သုံးစွဲသူများပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ မတ်လ နောက်ဆုံးပတ်အတွင်း တစ်အိတ်လျှင်  ၁၂၅၀၀ မှ ၁၆၅၀၀ အထိ မြှင့်တက်လာခဲ့ပါသည်။ ယခုအခါ Alpha အမျိုးအစားဘိလပ်မြေအပြင် အခြား AAA၊ ကြံ့နှစ်ကောင်၊ အပါချီ၊ Yojin၊ ဆင်မင်း အစရှိသည့် ဘိလပ်မြေအမျိုးအစားများကိုလည်း အသုံးပြုမှုများလာကြကြောင်း၊ ဈေးကွက်အတွင်း စုံစမ်းမေးမြန်းချက်များအရ သိရှိရပါသည်။ ယင်းအမျိုးအစားများမှာ အမျိုးအစားပေါ်မူတည်၍ တစ်အိတ်လျှင်  ၁၁၅၀၀ ကျပ် မှ ၁၅၅၀၀ ကျပ် အထိရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)