ပခုက္ကူကုန်စည်ဒိုင်တွင် ပြောင်းဖူးစေ့ (CP) များ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

     ပြောင်းဖူးစေ့(CP)များကို ပခုက္ကူရေဝင်ကျွန်းနယ်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ညောင်ဦးခရိုင်အတွင်းရှိနယ်များတွင် တစ်ကွင်းတစ်စပ်စိုက်ပျိုးကြပါသည်။ ထို့ပြင် ဧရာဝတီတံတား တောင်ဘက်ရှိရွာများတွင်လည်း စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ပြောင်းဖူးစေ့ (CP) များကို လူတို့စားသုံးရန်အတွက်သာမက တိရစ္ဆာန်အစာအဖြစ်လည်းအသုံးပြုကြပြီး တရုတ်နိုင်ငံသို့လည်း တင်ပို့ရကြောင်းသိရှိရပါသည်။ ၂၀၂၄ခုနှစ်၊ မတ်လ(စတုတ္ထပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

      ပြောင်းဖူးစေ့(CP)များကို ဈေးနှုန်းဈေးကွက်အနေဖြင့် မတ်လ(ပထမပတ်)မှစ၍ (၁)တင်းလျှင် ကျပ်(၁၆၃၀၀)၊ မတ်လ(ဒုတိယပတ်)တွင်  (၁)တင်းလျှင် ကျပ်(၁၅၈၀၀)၊ မတ်လ(တတိယပတ်) တွင် (၁)တင်းလျှင် ကျပ်(၁၆၂၀၀)ဈေးဖြစ်ခဲ့ပြီး၊ မတ်လ(စတုတ္ထပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၅၈၀၀)၊  ဈေးနှုန်းအနေဖြင့် မတ်လ(တတိယပတ်)နှင့် မတ်လ(စတုတ္ထပတ်)ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက (၁)တင်းလျှင် ကျပ် (၄၀၀)ခန့်ကျဆင်းနေပြီး၊ ပြောင်းဖူးစေ့ (CP) များကို နေ့စဉ်အိတ်ရေ (၂၀၀-၃၀၀)အထိအရောင်းအဝယ်ဖြစ်နေကြောင်း ပခုက္ကူကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)