ကြည့်မြင်တိုင်မြို့နယ် ဗားဂရာငှက်ပျောသီးအသင်းသို့ ငှက်ပျောသီးဝင်ရောက်မှုနှင့်ဈေးနှုန်းများ

Powered by Drupal

       ဗားဂရာငှက်ပျာသီးအသင်းမှ (၂၆-၃-၂၀၂၄) ရက်နေ့မှ (၁-၄-၂၀၂၄) ရက်နေ့အထိ ငှက်ပျောသီးဝင်ရောက်မှုစာရင်းနှင့် ဈေးနှုန်းများမှာ ယခုရက်ပိုင်းများ၌ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့မှ သီးမွှေး၊ ရွှေငှက်ပျော၊ ငှက်ပျောချဉ်များဝင်ရောက်ခဲ့ကြောင်း၊  ဝင်ရောက်မှုများပြားမှုရှိခဲ့သော်လည်း ယခုရက်များတွင် ငှက်ပျောရောင်းချမှုများမှာ အရောင်းအနည်းငယ်အေးနေကြောင်းနှင့် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်မြို့နယ်များမှ ပုံမှန်ဝင်ရောက်မှုရှိကြောင်း၊ ငှက်ပျောဈေးနှုန်းများမှာ ယခင်အပတ်ထက် မသိမသာကျဆင်းသွားကြောင်း၊ ငှက်ပျောဝင်ရောက်မှုများမှာ ဧရာဝတီတိုင်း၊ ရန်ကုန်မှ သင်္ဘာ(၄) စီး၊ (၁၂) ဘီးကား (၄) စီး၊ Luck Truck (၈) စီးဝင်ရောက်ခဲ့ရာ  Luck Truck  တစ်စီးလျှင် ငှက်ပျော်အခိုင် ၁၃၀ပါရှိပြီး ၁၂ဘီးကားတစ်စီးလျှင် ငှက်ပျောအခိုင် ၅၅၀ပါရှိကြောင်းသိရှိခဲ့ရပါသည်။ ငှက်ပျောဈေးနှုန်းများမှာ ရခိုင်တစ်ဖီးလျှင် ၃၀၀ကျပ်မှ ၁၅၀၀ကျပ်၊ သီးမွှေးတစ်ဖီးလျှင် ၅၀၀ကျပ်မှ ၂၅၀၀ကျပ်၊ ဖီးကြမ်းတစ်ဖီးလျှင် ၈၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ရွှေငှက်ပျောသီးတစ်ဖီးလျှင် ၈၀၀ကျပ်မှ ၄၀၀၀ကျပ်ထိရှိကြောင်း၊ ယခုရက်ပိုင်းများတွင် ငှက်ပျောကားများဝင်ရောက်မှုမှာ ယခင်ရက်ပိုင်းများနည်းတူ ဝင်ရောက်မှုရှိကြောင်း ငှက်ပျောအသင်းမှ အတွင်းရေးမှူး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)